Monday, July 25, 2011

နော်ဝေးတိုက်ခိုက်မှု အောက်မေ့ဘွယ် အခမ်းအနား ၀န်ကြီးချုပ် ဦးဆောင်


ဈာပန အခမ်းအနားအတွင်း နော်ဝေး၀န်ကြီးချုပ် မိန့်ခွန်းပြောနေစဉ်။

ဈာပန အခမ်းအနားအတွင်း နော်ဝေး၀န်ကြီးချုပ် မိန့်ခွန်းပြောနေစဉ်။ ဇူလိုင် ၂၄၊ ၂၀၁၁။

အများအားဖြင့် အေးအေးချမ်းချမ်းရှိတဲ့ နော်ဝေးနိုင်ငံက အော့စ်လို (Oslo) မြို့တော်မှာ သောကြာနေ့က ပစ်ခတ်မှုနဲ့ ကားဗုံးခွဲ တိုက်ခိုက်မှုတွေကြောင့် အခုချိန်ထိ သေဆုံးသွားရသူပေါင်း ၉၃ ဦးရဲ့ ဈာပန အခမ်းအနားကို နော်ဝေး ဝန်ကြီးချုပ် ဦးဆောင်ပြီး ကျင်းပခဲ့ပါတယ်။

သေဆုံးသွားကြသူတွေဟာ သူအပါအဝင် လူအတော်များများနဲ့ သိကျွမ်းပြီး အခု နော်ဝေးနိုင်ငံ တခုလုံးနဲ့ သက်ဆိုင်တဲ့ အဖြစ်ဆိုးကြီးနဲ့ ကြုံခဲ့ရတာ ဖြစ်တယ်လို့ အော့စ်လိုမြို့တော် ဘုရားရှိခိုးကျောင်းမှာ ကျင်းပတဲ့ ဈာပန အခမ်းအနားကို ပူဆွေးပြီး တက်ရောက်လာသူ ရာပေါင်းများစွာကို ဝန်ကြီးချုပ် ယွန်း စတိုလ်တန်ဘာ့ဂ် (Jens Stoltenberg) က မိန့်ခွန်းပြောသွားပါတယ်။

နော်ဝေးဘုရင် ဟာရယ်လ် (Harald) နဲ့ မိဖုရား ဆွန်ညာ (Sonja) တို့လည်း ဒီဈာပန အခမ်းအနားကို တက်ရောက်ခဲ့ကြပါတယ်။

တောင်ပိုင်း အိုတိုယာ (Utoeya) ကျွန်းမှာ လူတွေ အစုလိုက် အပြုံလိုက် ပစ်ခံရလို့နဲ့ အစောပိုင်းက အော့စ်လိုမြို့တော် အစိုးရရုံးတွေရှိတဲ့ ရပ်ကွက်မှာ ကားဗုံးခွဲ တိုက်ခိုက်ခံရတာတွေကြောင့် သေဆုံးသွားတဲ့ သူတွေကို ရည်စူးပြီး မျက်ရည်တွေနဲ့ နော်ဝေးနိုင်ငံသားတွေ ပန်းစည်းတွေလာချ၊ ဖယောင်းတိုင်တွေ လာထွန်းခဲ့ကြပါတယ်။

ပစ်ခတ်မှုကြောင့် ဒဏ်ရာရသွားသူတဦး တနင်္ဂနွေနေ့က သေဆုံးသွားတာကြောင့် အိုတိုယာကျွန်းပေါ်မှာ သေဆုံးသူ အရေအတွက် ၈၆ ဦးအထိ မြင့်တက်သွားပါပြီ။ ကားဗုံးခွဲမှုကြောင့် လူ ၇ ဦး သေဆုံးခဲ့တာ ဖြစ်ပါတယ်။

ကျွန်းပေါ်မှာ ပစ်ခတ်လို့ ထိန်းသိမ်းခံလိုက်ရတဲ့ ၃၂ နှစ်အရွယ် နော်ဝေးနိုင်ငံသား အမျိုးသားဟာ ဒီတိုက်ခိုက်မှု ၂ ခုစလုံး သူလုပ်ဆောင်တာပါလို့ ၀န်ခံပြီး သူဟာ ဘယ်အပြစ်မှ မကျူးလွန်ပါဘူးလို့ ရဲကို ငြင်းဆိုတယ်လို့ ဆိုပါတယ်။

ဝန်ကြီးချုပ်ရုံးနဲ့ တခြား အစိုးရရုံးတွေ ထိခိုက်ပျက်စီးစေတဲ့ ဓာတ်မြေသြဇာဗုံး ထောင်တယ်၊ နောက် အိုတိုယာကျွန်းကို သွားပြီးတော့ လက်ရှိအာဏာရ လေဘာပါတီရဲ့ လူငယ်စခန်းကို ပစ်ခတ်ခဲ့တယ်လို့ အန်ဒါ ဘာရင် ဘရက်ဗစ်ခ် (Anders Behring Breivik) က မသင်္ကာ ဖြစ်ခံရတာ ဖြစ်ပါတယ်။

သေနတ်သမားက ၂ ယောက်လို့ ကျွန်းပေါ်က တချို့ မျက်မြင်သက်သေတွေက ပြောဆိုပေမဲ့ မစ္စတာ ဘရက်ဗစ်ခ်ကတော့ ဒါတွေကို သူတဦးတည်း လုပ်ဆောင်တာပါလို့ ပြောပါတယ်။

တိုက်ခိုက်မှုနဲ့ ပတ်သက်ပြီး သဲလွန်စရအောင်လို့ အော့စ်လိုမြို့တော်က အိမ်ငယ်တလုံးကို ရဲက ၀င်ရှာခဲ့ပါတယ်။

သူ့ရဲ့ အပြုအမူဟာ ရက်စက်လွန်းတာ ဟုတ်ပါတယ်၊ ဒါပေမဲ့ ဒါကို လုပ်ဆောင်ဖို့ လိုအပ်ပါတယ်လို့ ပြောပြီး တရားရုံးမှာ သူရှင်းပြချင်တယ်လို့ ရှေ့နေက ဆိုပါတယ်။

မစ္စတာ ဘရက်ဗစ်ခ်ကို အကြမ်းဖက်မှုနဲ့ စွဲချင်တင်ထားပြီး တနင်္လာနေ့မှာ ရုံးထုတ်ဖို့ ရှိပါတယ်။

ထိုင်းအိမ်ရှေ့မင်းသား လေယာဉ် ဂျာမနီတရားရုံးမှ ပြန်လွှတ်ပေး




ဂျာမနီနိုင်ငံ မြူးနစ်မြို့လေဆိပ်၌ ဂျာမနီတရားရုံး အာဏာပိုင်တို့က သိမ်းဆည်းချိပ်ပိတ်ထားလိုက်သည့် ထိုင်းအိမ်ရှေ့မင်းသား မဟာဝိဇိယ လောင်ကွန် ကိုယ်တိုင် မကြာမကြာ မောင်းနှင်လေ့ရှိ သော ဘိုးရင်း-၇၃၇ အမျိုးအစားလေယာဉ်အား အာမခံငွေ ဒေါ်လာ ၂၈ ဒသမ ၂ ၊သန်းဖြင့် ပြန်လွှတ်ပေးလိုက်ပြီဖြစ်သည်။
ဓာတ်ပုံ - အေအက်ဖ်ပီ

ဘာလင်- ကြွေးပိနေသော ဂျာမနီ ဆောက်လုပ်ရေး ကုမ္ပဏီတစ်ခုနှင့် ထိုင်း အစိုးရတို့ အကြား ငွေကြေး ဆိုင်ရာ အငြင်းပွားမှုကြောင့် ထိုင်း အိမ်ရှေ့ မင်းသားစီးနင်းလိုက်ပါလာသော လေယာဉ်ကိုမြူးနစ်မြို့လေ ဆိပ်တွင် ဂျာမနီတရားရုံးအာဏာပိုင်တို့က သိမ်းဆည်းချိပ်ပိတ်ထားရာ မှဇူလိုင်လ ၂၀ ရက် ဗုဒ္ဓဟူးနေ့တွင် ဂျာမနီတရားရုံးတစ်ရုံးမှအာမခံငွေ ဒေါ်လာ ၂၈ ဒသမ ၂သန်းဖြင့်ပြန်လွှတ်ပေးလိုက်ကြောင်း သတင်းရရှိ သည်။

ထိုင်းအိမ်ရှေ့မင်းသား မဟာဝိဇိယလောင်ကွန်ကိုယ်တိုင် မကြာမကြာ မောင်းနှင်လေ့ရှိသော ဘိုးရင်း-၇၃၇အမျိုးအစား လေယာဉ်အားမြူးနစ် လေဆိပ်တွင်ချိပ်ပိတ်ထားလိုက်ပြီး လေယာဉ်တံခါးများကို ဖွင့်ခွင့်မပြု၊ လေဆိပ်မှလည်း ထွက်ခွာခွင့်မပြုဟု စောစောပိုင်း သတင်းများကဆို သည်။

Walter Bauဆောက်လုပ်ရေး ကုမ္ပဏီဒေ၀ါလီခံရေး ကြီးကြပ်ဆောင် ရွက်ပေးသူ ၀ါနာရှနိုက်ဒါက ထိုင်းအစိုးရ သည် ၎င်းတို့ပေးရန်ရှိသော ငွေကို ထပ်တလဲလဲ ငြင်းဆန်နေသဖြင့် ယခုကဲ့သို့ လေယာဉ် အား သိမ်းဆည်းလိုက်ရခြင်းဖြစ်သည်ဟုဆိုသည်။

"ကျွန်တော်တို့ တရားဝင်ရသင့် ရထိုက်တဲ့ငွေ ဒေါ်လာ ၄၂ သန်းကျော် ရဖို့ ကျွန်တော် တို့ကြိုးပမ်းနေခဲ့တာ နှစ်ပေါင်းများစွာကြာခဲ့ပြီ။ ဒါပေမယ့် မရခဲ့လို့ အခုလို အကြမ်းနည်းသုံးလိုက် ရတာပဲ"ဟု ၎င်းကဆိုသည်။

ဤ အငြင်းပွားမှုကိစ္စမှာ နှစ်ပေါင်း ၂၀ ကျော် ကြာခဲ့ပြီ။ ထိုအချိန်က ဘန်ကောက်မြို့နှင့် ဒွန်မောင်းလေဆိပ် ဆက်သွယ်သည့် အမြန် လမ်းမကြီး ဆောက်လုပ်နေသော DYWIDAG ကုမ္ပဏီ (၂၀၀၁ ခုနှစ်တွင် Walter Bau ကုမ္ပဏီနှင့် ပူးပေါင်းလိုက်သည်) နှင့် ထိုင်း အစိုးရအကြား အငြင်းပွားခဲ့သည်။

ထိုင်းအစိုးရက ကန်ထရိုက်စာချုပ်ပါ စည်းကမ်းချက်များကို ချိုးဖောက်ခဲ့ရာ ၂၀၀၇ တွင် Walter Bau ကုမ္ပဏီမှာ ကြွေးမဆပ်နိုင်ဘဲ ဒေ၀ါလီခံခဲ့ရသည်။ "ဒီ အိမ်ရှေ့မင်းသားက မြူးနစ်မြို့ကို ပုံမှန် လာရောက် လည်ပတ်လေ့ရှိပါ တယ်။ အခု သူ မြူးနစ်မြို့ ဟိုတယ် တစ်ခု ခုမှာရှိနေမှာပါ"ဟု ဂျာမနီတောင်ပိုင်း လေဆိပ်ပြောခွင့်ရသူက ပြောသည်။

ထိုင်းအိမ်ရှေ့မင်းသားလေယာဉ်အား ဖမ်းဆီးထားခြင်း ကိစ္စနှင့်ပတ်သက်၍ဆွေးနွေးပြောဆိုရန် ထိုင်းနိုင်ငံခြားရေး ၀န်ကြီးသည် ၁၅ ရက်နေ့တွင် ဘာလင် မြို့သို့ ထွက်ခွာသွားသည်။ ထိုင်းနိုင်ငံခြားရေးဝန်ကြီး ကဆစ် ပီရိုမြသည် ဂျာမနီ လက်ထောက် နိုင်ငံခြားရေး ဝန်ကြီး ကော်နဲလီယာပိုင်း ပါနှင့် တွေ့ဆုံခဲ့သည်။

ဂျာမနီနိုင်ငံခြား ရေးဝန်ကြီး ဂွီဒိုဝက်စတာဝဲသည် လောလောဆယ် မက္ကဆီကိုသို့ အလည် အပတ်ရောက်ရှိနေသည်။ သို့သော် ထိုင်း နိုင်ငံခြားရေးဝန်ကြီး ရောက်မလာခင်၎င်းက ပြောကြားရာ၌ဤကိစ္စကို ဂျာမနီအစိုးရအနေဖြင့် ဝေဖန်ပြောကြားခြင်းမပြုနိုင်ကြောင်း၊ အကြောင်းမှာ တရားရေးဆိုင်ရာ အာဏာပိုင်များ၏ လွတ်လပ်ခွင့်ကို ကျွန်ုပ်တို့ လေးစားရ မည်ဖြစ်ကြောင်း ၀န်ကြီးကပြောသည်။

ဂျာမနီ လက်ထောက်နိုင်ငံခြားရေး ၀န်ကြီးကမူ လေယာဉ်သိမ်းမှုကြောင့် ထိုင်းအိမ်ရှေ့မင်းသား၏ ခရီးစဉ် ကသိကအောက်ဖြစ်ခဲ့ရ သည့်အတွက် စိတ် မကောင်းဖြစ်ရပါသည်ဟု ဆိုခဲ့သည်။ ထိုင်းနိုင်ငံခြားရေးဝန်ကြီးက ဘန်ကောက် လေဆိပ်တွင်ပြောကြားရာ၌ ဤလုပ်ရပ် သည် တရားရေးလမ်းကြောင်းအရ ကြီးကျယ်သော အမှားကြီးတစ်ခုဖြစ် သည်ဟု ပြောသည်။

ထိုင်းနိုင်ငံတွင် ဘုရင်နှင့်မိသားစုကိုထိုင်းတို့ကအလွန်ကြည်ညိုလေးစားမှုရှိကြသည်။ထိုင်းနိုင်ငံခြားရေးဝန်ကြီးကဆစ်ကဘန်ကောက် လေဆိပ်၌ ပြောကြားရာ တွင် "ဂျာမနီတရားရုံးက လေယာဉ် သိမ်းဆီးမှုကိစ္စ အမြန် ဆောင်ရွက်သင့် တယ်။ ဒီကိစ္စကြာသွားရင် ထိုင်း လူထုတွေက ဂျာမန်လူထုတွေအပေါ် ငြိုငြင်မှုတွေဖြစ်လာနိုင်တယ်။ဘာကြောင့်လဲဆိုတော့ သူတို့လေးစားကြည်ညိုတဲ့ထိုင်းဦးသျှောင် မိသားစုနဲ့သက်ဆိုင်နေ လို့ပါပဲ"ဟု ဆိုသည်။

Monday, June 27, 2011

ရဲတွေနဲ့ လူစုခွဲရတဲ့ မန္တလေး ကျောက်ဝိုင်းက ပြဿနာ

မန္တလေး မဟာအောင်မြေမြို့နယ် ၈၇၊ ၈၈၊ ၃၈၊လမ်း ၄၀ ကြားက ကျောက်ဝိုင်းမှာ ဗမာကျောက်ကုန်သည် တဦးနဲ့ တရုတ်ကုန်သည်တို့ အရောင်းအဝယ်လုပ်နေရာမှ ခိုက်ရန်ဖြစ်ပွားမှုတခု ဒီကနေ့ မနက်မှာ ဖြစ်ပွားခဲ့ပါတယ်။

မနက် ၉ နာရီလောက်က စဖြစ်တယ်။ ကိုမော်ကြီးဆိုတဲ့ ကျောက်သမားဆီက သိန်းလေးဆယ်နဲ့ ဈေးဖြတ်ထားတဲ့ ကျောက်ကို တရုတ်တွေမယူလို့ စကားများပြီး တရုတ်တွေက ကိုမော်ကြီးကို ၀ိုင်းထိုးကြတယ်။ အဲဒီမှာ မြန်မာတွေ အများကြီးဝိုင်းလာပြီး ထုကြနှက်ကြ ဖြစ်ကုန်တာ။

နောက်တော့ ရဲတွေရောက်လာတယ်။ ပြဿနာဖြစ်တဲ့ တရုတ်တွေရှိတဲ့ဆိုင်ကို ဝိုင်းထားတဲ့ မြန်မာတွေကို ငါးမြို့နယ် က ရဲတပ်ဖွဲ့အင်အား ၁၀၀ လောက်လာပြီး ကာထားရတယ်။ အုပ်ချုပ်ရေးရုံးကနေ မြန်မာတွေလူစုခွဲဖို့ မိုက်နဲ့ အဆက် မပြက်အော်နေတယ်။ မြန်မာတွေလည်း လူစုမခွဲပဲ များများလာတယ်။ နောက်ပိုင်း တရုတ်တွေကို ရဲကားနဲ့ ထုတ်သွား ရတယ်။ အားလုံးပေါင်း တရုတ် ၆ ယောက်ကို လက်ထိပ်ခတ်ပြီး ခေါ်သွားတယ်။ အထိုးခံရတဲ့ ကိုမော်ကြီး ကိုတော့ ဆေးရုံပို့လိုက်ရတယ်လို့ သိရပါတယ်။ ဒီနေ့တော့ ကျောက်ဝိုင်းကို ပိတ်လိုက်ပြီး အပြင်ကလူတွေ အ၀င်မခံတော့ပါဘူး လို့ သိရတယ်။

ပြဿနာဖြစ်တဲ့ တရုတ်ကျောက်ကုန်သည်

http://www.naytthit.net ...မှကူးယူဖော်ပြပါသည်။ပြဿနာတက်တဲ့ ဆိုင်

Wednesday, March 16, 2011

လွင်မိုး ဘယ်သူတွေနဲ့  ပေါင်းနေသလဲ။

LWIN MOE (OR) LIE MOE























လွင်မိုးဟာ ကြံ့ဖွံ့ပါတီကို လိုလို လားလား ရက်ရက်ရောရောနဲ့ တကူးတက လေယာဉ်စီးပြီး မြိတ်မြို့ က ကြံ့ ဖွတ်ကို မဲသွားထည့်ခဲ့သူ ဖြစ်ပါတယ်။

နအဖတို့ ရဲ့  ၂၀၁၀ ခုနှစ် ရွေးကောက်ပွဲမတိုင်ခင် မဲဆွယ်ကာလတွေမှာ လွင်မိုးဟာ ကမာရွတ်မြို့နယ်၊မြကန်သာ ၂ လမ်းWA MINN Co., Ltd (Export & Import) မှာ Vice Chairman အဖြစ် လုပ်ကိုင်နေပြီး ဇေကမ္ဘာဦးခင်ရွှေ (နအဖသန်းရွှေတို့ နှင့် အလွန်နီးစပ်သူ) နဲ့ မဲဆွယ်စည်းရုံးရေးခရီးစဉ်ကို လိုက်ပါခဲ့ပါတယ်။

လွင်မိုးဟာ ကြံ့ဖွံ့ပါတီကနေ ၀င်အရွေးခံတဲ့ ယုဇန ဦးဌေးမြင့်ရှိရာ မြိတ်ကို သွားပြီး မဲပေးခဲ့ပြီး သူရဲ့  ဇနီးသည်နဲ့ အတူ မေသန်းနု၊ ဇူးဇူးမောင် တို့ ပါ ခေါ်သွားခဲ့ပါတယ်။

လွင်မိုးရဲ့  ဒီ ကြံ့ ဖွတ်ပါတီကို မဲပေးခဲ့မှုတွေ ကြံ့ ဖွတ်ပါတီရဲ့  မဲဆွယ်စည်းရုံးမှုကို လိုက်ပါခဲ့မှုတွေနဲ့ ပတ်သက်ပြီး ပြောစကားတွေကတော့ - “ကျွန်တော်တို့ ဦးဌေးမြင့်ကို လာအားပေးတာ။ ဒီမြို့ကကျနော့် ဇာတိပဲလေ။ ပြည်ထောင်စု ကြံ့ခိုင်ရေး နဲ့ ဖွံ့ဖြိုးရေး ပါတီက အင်အားကြီးပဲလေ။ နိုင်မယ် ဆိုတာ သိပြီးသား အဲဒါကြောင့် ရန်ကုန်ကနေ ဒီ မြိတ်ကို ပြောင်းပြီး ဆန္ဒမဲ လာပေးတာ” ဟူသော လွင်မိုးက ပြောခဲ့ပါတယ်။ ဒီအပြင် ကိုယ့်ဘာသာ လုပ်ပိုင်ခွင့် ရှိတယ်။ အခု အချိန် မှာ လွင်မိုး ဆိုပြီးလည်း နိုင်ငံရေးပါတီ ထောင်ခွင့်ရှိတယ်။ နောင် ၅ နှစ်ကြာရင် လွင်မိုးလည်း အမတ်ဖြစ်ရင် ဖြစ်လာနိုင်တာပေါ့လေ” ဟု ပြောကြားခဲ့ပါသေးတယ်။

မင်းသားဘ၀ကနေ စီးပွားရေးဘက် ပြောင်းလဲခဲ့သူ လွင်မိုးဟာ ပြည်သူက သူရဲ့  အနုပညာအောင်မြင်မှုအတွက် အားပေးပေးခဲ့ကြတာတွေ ပြည်သူက အားပေးလို့  အောင်မြင်ခဲ့ရတဲ့ အနုပညာရှင်တစ်ယောက်ကနေ ကျေးဇူးရှင် ပြည်သူပရိတ်သတ်ကို ကျောခိုင်းရုံသာမက၊ ရဟန်းရှင်လူ ပြည်သူတစ်ရပ်လုံးကို ညှဉ်းပမ်းနှိပ်စက်သတ်ဖြတ်နေတဲ့ နအဖဘက်ကို ပြောင်ပြောင်တင်းတင်း လိုက်ပါပြတာ ထောက်ခံအားပေးပြောဆိုပြလိုက်တာတွေဟာ ပြည်သူအပေါ်ကျေးစွပ်လိုက်တဲ့အပြင် နအဖအာဏာရူးတွေရဲ့  လက်ကိုင်ဒုတ်ဘ၀ကို လွင်မိုးကိုယ်တိုင်က လိုလိုလားလား ခံယူလိုက်တယ်ဆိုတာ ပေါ်လွင်သွားပါတယ်။

လွင်မိုးရဲ့  အကြောင်းကို နအဖရွေးကောက်ပွဲ ကြံ့ ဖွတ်ပါတီ မဲဆွယ်စည်းရုံးတာ လိုက်ပါခဲ့တဲ့အချိန်နဲ့  ကြံ့ ဖွတ်ပါတီကို မဲပေးခဲ့မှသာ သိကြရပြီး လွင်မိုးကိုယ်တိုင် ထုတ်ဖေါ်ပြောဆိုတဲ့အခါမှာ လွင်မိုးဟာ နအဖဘက် လိုက်ပါနေသူဆိုတာ တိတိကျကျ သိလိုက်ကြပါတယ်။

နအဖသန်းရွှေတို့ နဲ့  လွင်မိုး ဘယ်လောက်နီးနီကပ်ကပ် ပေါင်းဘက်နေပြီလည်းဆိုတာကို ထပ်မံတွေ့ ရှိရတဲ့ အခြေအနေတွေက ပြောနေပါတယ်။

နအဖသန်းရွှေတို့ နဲ့  နီးစပ်သူ ဇေကမ္ဘာ ခင်ရွှေတို့  ယုဇနဌေးမြင့်တို့ လို ကြံ့ ဖွတ်အကြီးစားတွေနဲ့  လွင်မိုး တွဲဘက်နေရုံတင်မက မကြာသေးခင်ကမှ သန်းရွှေအတွက် နှင်းတောင်ပေါ်မှာ နတ်ရေကန်သွားရှာတဲ့ (ရဟတ်ယာဉ်ပျက်လို့  ငရဲမင်းကတောင် လက်မခံရဲလို့  ထိုင်းက ကယ်လိုက်တဲ့ အသက်လေး ဖုတ်လိုက် ဖုတ်လိုက်နဲ့  ပြန်ရောက်လာတဲ့) တေဇ တို့ နဲ့ သားတွေ၊ သစ်တောဝန်ကြီး ဦးအောင်ဖုန်းရဲ့ သား စစ်သွေးအောင်တို့ နဲ့ ပါ လည်ပင်းဘက်ပေါင်းနေတာ တွေ့ ရပါတယ်။

အောက်ဖေါ်ပြပါ ပုံတွေ ကြည့်ရင် အနုပညာလိုင်းကနေ စီးပွားရေးလိုင်းပြောင်းပြီး ကျေးဇူးရှင်ပြည်သူတွေကို စော်ကားခဲ့တဲ့ လွင်မိုးနဲ့  မူးယစ်သောင်းကျန်းကဲနေကြတဲ့ တေဇရဲ့ သားတွေ အတူတကွ သောက်လိုက်စားလိုက် ထိုးလိုက် သွင်းလိုက်နဲ့  ကမြင်းကြောထနေကြတာကို တွေ့ ရပါလိမ့်မယ်။ အောက်ဆုံးပုံကတော့ လွင်မိုး စီးပွားရေးလုပ်ငန်းတွေ သွားလုပ်တဲ့အခါမှာ လိုက်လံစောင့်ရှောက်ပေးနေတဲ့ နအဖစစ်သားတွေကိုပါ တွေ့ မြင်ရပါတယ်။












































































































































































































ပြည်သူကို စော်ကားဆန့် ကျင်တဲ့ ကြံ့ ဖွတ်မင်းသား စီးပွားရေးသမား လွင်မိုး၊ တိုင်းပြည်သယံဇာတတွေကို ခိုးယူမောင်ပိုင်စီးနေတဲ့ သူခိုးကြီးတေဇရဲ့  အဖေခြေရာ ထပ်တူထပ်မျှ နင်းနေတဲ့ ပြည့်ဖြိုးတေဇတို့  မျိုးပျက်သားတွေကို နအဖသန်းရွှေတို့ က ချီးမြှောက်ထားတာမို့  တိုင်းပြည်ပျက်ရတဲ့အထဲ တိုင်းပြည်ဖျက်တဲ့အထဲမှာ အခုတော့ လွင်မိုးလည်း တစ်ဦးအပါအ၀င် ဖြစ်ပါပြီ။

Monday, March 14, 2011

ကမ္ဘာ့ အပုဆုံးလူသား...World's shortest man

ဖိလစ်ပိုင်နိုင်ငံမှ ကမ္ဘာ့ အပုဆုံးလူသား....

ဒီကမ္ဘာမှာ ကျွန်တော်အပုဆုံးပါပဲ....
Mini marvel ... Junrey, says it would be 'very cool' to be the world's smallest man


သူ့ အရပ်ကား ဖန်ပုလင်းထက်အနည်းငယ်သာ ပိုရှည်ပါလိမ့် မည် သို့ သော် ဖိလစ်ပိုင်နိုင်ငံမှ ဂျန်ရေးဘာ
လာဝင်း ကလေးကတော့ မကြာခင်မှာပဲ ကမ္ဘာ့ အရပ်အပုဆုံး၊ ခန္ဓာကိုယ်အသေးငယ်ဆုံး ( အရွယ်ရောက်
ပြီး ) လူသားဖြစ်လာတော့ မှာဖြစ်ပြီး အလွန်ကိုထင်ပေါ်ကျော်ကြားဦးမှာဖြစ်ပါတယ်...

အောင်မြင်ထင်ရှားကျော်ကြားလာဦးမည့် လူပုလေး...
Set for stardom ... 17-year-old Junrey
Balawing, just 22 inches tall
အသက် ၁၇ နှစ်ရှိပြီဖြစ်ပေမယ့်  ၂၂ လက်မ သာအရပ်မြင့် တာမို့ သူကလေးဟာ တစ်နှစ်သားအရွယ်က
လေးငယ်တစ်ယောက်ထက်ကို သေးငယ်တယ်လို့ ပြောလို့ ရပါတယ်...
လာမည့် ဇွန် လ ၁၂ ရက်နေ့ မှာ သူ့ အသက် ၁၈ နှစ်ပြည့် မှာမို့ လက်ရှိ ( ကမ္ဘာ့ အပုဆုံး၊ လူပုလေး ) စံချိန်
ထက် သူက ၅ လက်မ ပိုနိမ့် ပြီး စံချိန်ချိုးတော့ မှာဖြစ်ပါတယ်...
လူပုလေးဂျန်ရေးဟာသူ့ ရဲ့ အသက်တစ်နှစ် ကနေစပြီး ခန္ဓာကိုယ်မဖွံ့ ဖြိုး၊ အရပ်မရှည်တော့ တာဖြစ်ပြီးကြာ
ကြာလည်းမရပ်နိုင်တဲ့ အပြင် လမ်းတောင်အနိုင်နိုင်လျှောက်နေရရှာပါတယ်...
ဒါပေမယ့် သူ့ အနေနဲ့ ကမ္ဘာ့  ( အသေးဆုံး၊ အပုဆုံး ) စံချိန်ချိုးတော့ မယ့် အကြောင်းပြောပြရာမှာတော့ သူ
ဟာ ပြုံးရွှင်လို့ နေပါတယ်...
" ကျွန်တော်ဟာ ကမ္ဘာမှာ အသေးဆုံးလူသားဖြစ်ရမယ်ဆိုယင်တော့ သိပ်ကောင်းတာပေါ့ ဗျာ..." လို့ သူက
ဆိုပါတယ်...
ဂျန်ရေးဟာ ဖိလစ်ပိုင်နိုင်ငံရဲ့ ဝေးလံသီခေါင်သော ဇမ်ဘိုအမ်ဂါဒယ်နော့ ပြည်နယ်ရှိ ရွာကလေးတစ်ရွာမှာ
သူ့ ရဲ့ မိဘနှစ်ဦး၊ သူ့ ထက်အသက်ငယ်သော်လည်း အရပ်ပိုမြင့် ကြသည့် ညီမ ၂ ယောက်၊ ညီ ၁ ယောက်
တို့ နှင့် အတူနေထိုင်လျှက်ရှိပါတယ်...
သူ့ ရဲ့ ညီမတွေဖြစ်ကြသည့်  အသက် ၁၃ နှစ်ရှိ ဂျေဆယ်လ်၊ အသက် ၆ နှစ်ရှိ ဂျန်းရစ်ခ်ျ၊ ညီဖြစ်သူ အသက်
၁၁ နှစ်ရှိ ဂျေအတ် တို့ ကျောင်းသွားနေကြချိန်မှာ သူကတော့ မိခင်ဖြစ်သူ ကွန်ဆက်ပ်ဆီယွန် နဲ့ အိမ်မှာနေ
ခဲ့ ရပါတယ်...

အဖေရယ်၊ အမေရယ်၊ ချစ်သော ညီ၊ ညီမတွေရယ်နှင့် အတူ....

" သူ့ ကိုတစ်နေ့ လုံးတစ်ချိန်လုံးပြုစု၊ စောင့် ရှောက်နေရတာပါပဲ...ဂျန်ရေးကလေးဟာ အကူအညီပါမှသာ
လမ်းလျှောက်နိုင်တာဖြစ်ပြီး နာကြင်ကိုက်ခဲနေတတ်လို့ မတ်တပ်လည်းကြာကြာမရပ်နိုင်ရှာပါဘူး..." လို့ အ
သက် ၃၅ နှစ်ရှိ မိခင်ဖြစ်သူ ကွန်ဆက်ပ်ဆီယွန် ကပြောပြပါတယ်...

နာကြင်ကိုက်ခဲနေတတ်လို့ ကြာကြာလည်းမတ်တပ်မရပ်နိုင်ပါဘူး...
A hard life ... Junrey, second left, cannot stand
for long due to the pain

သူ့ ကို မိဘတွေက တစ်ချိန်လုံးနီးပါးပွေ့ ချီသယ်ပိုးသွားလာနေကြရတာဖြစ်ပါတယ်.....အသက် ၃၇ နှစ်ရှိပြီ
ဖြစ်သည့် ဖခင်ဖြစ်သူ ပန်းပဲဆရာ ရေနယ်လ်ဒို ကတော့ တစ်ပါတ်မှာ ၆ ရက်လောက်အိမ်နေထွက်ခွာပြီးအ
ဝေးမှာ အလုပ်သွားလုပ်ရပေမယ့် သူအိမ်ပြန်ရောက်ယင်တော့ ဂျန်ေ၇းတစ်ယောက် သူ့ ဖခင်ရဲ့ ပခုံးပေါ်ခွ
စီးပြီး ရွာထဲလျှောက်သွားလည်နေရတာကိုပျော်ရွှင်နှစ်သက်လှပါတယ်...
သူမရဲ့ သား အသက် ၂ နှစ်ပြည့် ကစပြီး မဖွံ့ ထွား၊ အရပ်မရှည်လာတော့တာကို မိခင်ဖြစ်သူ ကွန်ဆက်ပ်ဆီ
ယွန် ကသတိပြုခဲ့ မိပါတယ်...
" ( ထိုစဉ်က ) သူဟာအမြဲပဲနေမကောင်းဖြစ်နေပြီး အရွယ်လည်းမကြီးလာတော့တာမို့ ကျွန်မတို့ ဆရာဝန်
ဆီသွားပြကြတော့ ဆရာဝန်တွေ အံ့ အားသင့် ကုန်ကြပါတယ်..." လို့ မိခင်ဖြစ်သူကဆိုပါတယ်...
ဂျန်ရေး အသက် ၁၂ နှစ်မှာတော့ ထိုဆရာဝန်ကပဲ သူ့ ကိုအားဆေးတွေတိုက်ဖို့ အကြံပေးပါတယ်...ဒါပေ
မယ့် ထူးမလာတော့ ပါဘူး...
သူ့ ရဲ့ သေးငယ်တဲ့ ခန္ဓာကိုယ်အရွယ်အစားနဲ့ ပေမယ့် ဂျန်ရေးဟာ အစားတော့ တော်တော်စားနိုင်ပါတယ်...
သူဟာ ပေါင်မုန့် တွေစားလိုက်၊ ပြောင်းဖူးတွေစားလိုက်နဲ့ ပါပဲ...

အပြုံးချိုချိုနဲ့ တစ်နှစ်သားအရွယ်သာရှိသည့် ကမ္ဘာ့ အပုဆုံးလူသားလေး....
Big smile: Junrey turns 18 later this year but he will still only be as tall as a one-year-old.

သူ့ ရဲ့ ဟောင်းနွမ်းဆွေးမြေ့ နေပြီဖြစ်တဲ့ မွေးစာရင်းကသူ့ ကို ၁၉၉၃ ခုနှစ်မှာမွေးဖွားခဲ့ တာဖြစ်ကြောင်းသက်
သေပြနေသလို အဲဒီအရာကလည်း သူ့ မိသားစုနေအိမ်အတွက် ဂုဏ်ယူဝင့် ကြွားစရာတစ်ခုဖြစ်နေတာပါပဲ..
သူဟာ စာရေးတာနဲ့ အရုပ်ဆွဲတာတွေလေ့ လာသင်ယူနေပြီး မိသားစုတစ်ပိုင်တစ်နိုင်စိုက်ပျိုးမွေးမြူရေးလုပ်
ငန်းမှာ တတ်နိုင်သလောက်လေးတော့ ကြက်စာကျွေးခြင်းဖြင့် ကူညီပါသေးတယ်...
" တစ်ခြားကလေးတွေကျောင်းတက်ချိန်မှာ အလုပ်လေးဘာလေးလုပ်ချင်ပေမယ့် ဂျန်ရေး ကိုလည်းပစ်ထား
ခဲ့ လို့ မရပါဘူး.... ကျွန်မသူ့ ကို သားဟာအခုဆိုကမ္ဘာမှာ အသေးဆုံးလူဖြစ်နေပြီလို့ ပြောတော့ သူက ဂုဏ်
ယူတဲ့ အပြုံးနဲ့ ပြုံးပါတယ်..." လို့ မိခင်ဖြစ်သူကပြောပါတယ်...

ကျွန်တော်ကတော့ လက်ရှိချန်ပီယံပေါ့ ဗျာ....( မကြာခင်တော့ဒီဘွဲ့ လက်လွတ်ဆုံးရှုံးရတော့မှာပါ...)
လက်ရှိကမ္ဘာ့ အပုဆုံးလူသား နီပေါသားလေး ခါဂျင်ဒရာ...
ယခုလက်ရှိ ကမ္ဘာ့ အပုဆုံးစံချိန်ရှင်ကတော့ နီပေါနိုင်ငံက လူပုလေး ခါဂျင်ဒရာဖြစ်ဖြစ် သူအရပ်က ၂၆.၎
လက်မ ရှိပါတယ်...
နီပေါနိုင်ငံက ဝေးလံတဲ့ ရွာကလေးတစ်ရွာမှာမွေးခဲ့တဲ့ ခါဂျင်ဒရာလည်း ထိုဘွဲ့ မဆွတ်ခူးစဉ်ကပင် အိန္ဒိယ
တိုက်နယ်တစ်လွှားမှာတော့ နာမည်ကျော်ဖြစ်ခဲ့ တာပါပဲ...

ကျွန်တော်ကတော့ ကမ္ဘာ့ အပုဆုံးဘွဲ့ ကို အတိုဆုံးကာလ သာပိုင်ဆိုင်ခဲ့ ရတဲ့ ကိုလံဘီယားသားလေး
အက်ဒ်ဝါ့ နီနိုဟာနန်ဒက်ဇ် ပါ....

သူဟာ လွန်ခဲ့ တဲ့ နှစ် အောက်တိုဘာလက အသက် ၁၈ နှစ်ပြည့် ခဲ့ လို့ အရပ် ၂၇ လက်မသာရှိတဲ့ ကိုလံဘီ
ယာနိုင်ငံသား အက်ဒ်ဝါ့ ဒ်နီနိုဟာနန်ဒက်ဇ် ဆီကနေ ထိုအရပ်အပုဆုံးဘွဲ့ ထူးကိုလွှဲပြောင်းယူခဲ့ တာဖြစ်ပြီး
အက်ဒ်ဝါ့ ဒ် ဟာလည်းထိုအရပ်အပုဆုံးဘွဲ့ ထူးကို တရားဝင်ရခဲ့ တာ ၈ ရက်မျှသာရှိသေးတာဖြစ်ပါတယ်...

ကျွန်တော်ကတော့ ဆွေမျိုးပေါက်ဖော် အပုဆုံးအတိုဆုံးလူသားဘွဲ့ နဲ့ တော်တော်လုပ်စားနိုင်
ခဲ့ ပါသေးတယ်...

နှလုံးသွေးပျက်ဖွယ်ရာတွေမြင်ပြီး မနှစ်ကမှ နှလုံးရောဂါနဲ့ သေဆုံးသွားခဲ့ တယ်...

ထိုစဉ်က ကမ္ဘာ့ အရပ်အပုဆုံး လူပုလေးဖြစ်ခဲ့ တဲ့ တရုတ်နိုင်ငံသား ဟေပင်ပင်း တစ်ယောက် လွန်ခဲ့ သည့် 
နှစ် မတ် လမှာနှလုံးရောဂါနဲ့ သေဆုံးသွားခဲ့ လို့ တရားဝင်ကမ္ဘာ့ အပုဆုံးလူသားဘွဲ့ အတွက် ယှဉ်ပြိုင်ရွေး
ချယ်ခဲ့ ကြတာဖြစ်ပါတယ်...
" ကျွန်တော်တို့ အနေနဲ့ ဂျန်ရေး အသက် ၁၈ နှစ်ပြည့် တာနဲ့ ဒီဘွဲ့ ထူးအတွက် တ၇ားဝင်လျှောက်ထားခွင့် ရ
မှာမို့ ဒီအပုဆုံးလူသားဖြစ်တယ်ဆိုတဲ့ တောင်းဆိုချက်ကို ဆန်းစစ်သွားမှာဖြစ်ပါတယ်..." လို့ ဂင်းနစ် ကမ္ဘာ့ 
ထူးဆန်းမှတ်တမ်းအဖွဲ့ ပြောရေးဆိုခွင့် ရှိသူကပြောကြားခဲ့ ပါတယ်...

တူရကီက ကမ္ဘာ့ အပုဆုံးအမျိုးသမီး...

အသက် ၂၁ နှစ်ရှိ၊ တူရကီနိုင်ငံမှ ဟာတစ်စ်ကိုကာမန် ကတော့ အရပ် ၂၈ လက်မ နှင့် ကမ္ဘာ့ အပုဆုံး၊ အ
သေးဆုံးအမျိုးသမီး ဖြစ်ပါတယ်...
သူမဟာ ထူးဆန်းတဲ့ အရိုးရောဂါတစ်မျိုးဖြစ်နေတာမို့ ကိုယ်အလေးချိန်ကလည်း ၁၅ ပေါင် သာရှိပါတယ်...

အမေရိကန်မှ ကမ္ဘာ့ ခန္ဓာကိုယ်အသေးဆုံးမိခင်...

အမေရိကန်နိုင်ငံမှ စတေဆီဟာရယ်ဒ် ကတော့ အရပ် ၂၈ လက်မနှင့် ကမ္ဘာ့ ခန္ဓာကိုယ်အသေးဆုံး မိခင်
တစ်ဦးဖြစ်ပါတယ်...
ကန်တပ်ကီ ပြည်နယ်မှ အသက် ၃၆ နှစ်ရှိအမျိုးသမီးဟာ အရပ် ၅ ပေ၊ ၉ လက်မ ရှိတဲ့ အသက် ၂၇ နှစ်အ
ရွယ်ရှိခင်ပွန်းဖြစ်သူနှင့် ပေါင်းသင်းနေထိုင်ပြီး သားသမီး ၃ ယောက်မွေးဖွားခဲ့ ပါတယ်...

ဓါတ်ပုံများကို ဆန်းသတင်းစာ၊ ဒေလီမေးလ်၊ဂူဂယ်လ်ကရှာဖွေတွေ့ ရှိတင်ပြပါတယ်...


He might only be slightly taller than a glass bottle, but Junrey Balawing is set to break big world records.
Meet Junrey Balawing, the Filipino who is about to become the world's smallest man - and a huge star.
At just 22 INCHES high, the 17-year-old is tinier than a one-year-old.
When he turns 18 on June 12, he will take the title - smashing five inches off the current record.
The titchy teen has not grown since his first birthday, struggles to walk and cannot stand up for long.
But he beams with pride when talking about his likely world record.
He said: "If I were the smallest man in the world, it would be very cool."
Junrey lives with his parents and three younger - but taller - siblings in a village in a remote region of the Phillipines' Zamboanga del Norte province.

He has to stay at home with his mum, Concepcion, while his sisters Jaycel, 13, and Jeanritch, six, and 11-year-old brother Jay-art go to school.
Concepcion, 35, says: "He needs my care every minute of every day. Junrey can only walk with some help and he can't stand for too long because he's in too much pain."
His parents carry him around much of the time. Blacksmith dad Reynaldo, 37, works away for most of the week but when he is home Junrey enjoys sitting on his shoulders and going for a wander in the village.
Concepcion noticed her son's growth was stunted as he neared his second birthday.
She said: "He was always sick and we noticed he wasn't growing so we took him to see a doctor but they were baffled."
When Junrey was 12 the same doctor advised the family to give him vitamins - but they could not afford them.
Despite his size, Junrey has a healthy appetite, tucking in to chunks of breads and corn. His fading green and white birth certificate - proving he was born in 1993 - takes pride of place in the family home.
He has learnt to write and draw and, when he can, he helps out at the family's basic yet comfortable farmhouse, feeding their chicken.
Concepcion added: "I would love to be able to work while my other children are at school but I can't leave Junrey.
"But he loves it when I tell him he's the smallest man in the world, he just smiles with pride."
The current title holder is Khagendra Thapa Magar, of Nepal, who is 26.4in tall.
Even before winning the record, Khagendra, born in a remote village, had become a household name on the Indian subcontinent.
He turned 18 in October, taking the title from 27in Edward Nino Hernandez - who had only been awarded it eight days before.
The battle for the title had begun after the previous record-holder He Pingping from China died of a heart attack aged 21 in March last year.
A Guinness World Records spokesman said last night: "We are looking to review the claim when Junrey Balawing turns 18, which is when candidates for this title can officially apply for the record."
Hatice Kocaman, 21, from Turkey, is the world's smallest woman, at just 28in tall.
She suffers from a rare bone disorder which means she weighs only 15lb.
At just over 28in, American Stacey Herald is the world's smallest mum.
The 36-year-old, from Kentucky, has three kids with hubby Wil, 27, who is 5ft 9in. -

ဝိုင်းစုခိုင်သိန်း နှင့် ဥက္ကာကြူ

ဖေဖော်ဝါရီလ (၅) ရက်နေ့က စင်ကာပူမှာ ကျင်းပခဲ့တဲ့ Century Stars ဂီတဖျော်ဖြေပွဲမှာ တွေ့ရတဲ့ ၀ိုင်းစုခိုင်သိန်း နှင့် ဥက္ကာကြူ
Myanmar Popular Singer Wyne Su Khine Thein and Oakar Kyu (Photo: Facebook)

Here is the couple photos of Myanmar popular singer, Wyne Su Khine Thein and Oakar Kyu at Century Stars Myanmar Concert which was held on 5 February 2011 at Singapore. Recently, Wyne Su had said on Media that she would let her fans know about her new relationship soon. Wyne Su also added that she is having a great time with her 2011 new love.

Related Older Post: Wyne Su Khine Thein Fell in Love Again in 2011

Saturday, March 12, 2011

ငလျင်နဲ့ ဆူနာမီ ပြီးတော့ နျူကလီးယား

ပထမ ပြင်းအားမြင့် ငလျင်။ နောက် ဧရာမ ဆူနာမီ လှိုင်းလုံးတွေ လိုက်ဖျက်ဆီးသည်။ ယခု ဂျပန်ရဲ့ ကံဆိုး မိုးမှောင်ကျမှုထဲ ရေဒီယို သတ္တိကြွတွေ ထုတ်လွှတ်မယ့် နျူကလီးယား ဓာတ်ပေါင်းဖို ပေါက်ကွဲမှု ကပ်ဆိုးပါ

လိုက်လာပြီလား။

မေလ ၁၁ ရက်နေ့ ၈.၉ ပြင်းအားရှိ ငလျင်ကြောင့် ဂျပန်နိုင်ငံရဲ့ စွမ်းအင်ထုတ် နျူကလီးယား ဓာတ်ပေါင်းဖို ၅၅ ခု အနက် ၁၀ ခု အလိုအလျောက် ရပ်သွားသည်။ ဖူကူရှီမားရှိ ဓာတ်ပေါင်းဖို ငါးခုက အအေးပေးစနစ် ချို့ယွင်းပြီး အပူချိန် မြင့်တက် နေသည်။ ပင်လယ်ရေကို အသုံးပြုတဲ့ အအေးပေးစနစ် ဆူနာမီကြောင့် ချို့ယွင်းသွားပုံရသည်။ စက်ရုံနှစ်ခု အပူချိန် မြင့်တက်လွန်းတာကြောင့် လျှော့ဖို့ အငွေ့တွေ ထုတ်လွှတ်ပေးခဲ့ရသည်။ ထိန်းချုပ်ခန်းအတွင်းရှိ ရေဒီယို ဓာတ်ရောင်ခြည် တွေက ပုံမှန်နှုန်းထက် အဆ ၁၀၀၀ မြင့်တက်နေသည်။

မေ ၁၂ ရက်နေ့ ညနေပိုင်းမှာ ဖူကူရှီမာ က ဒိုင်အီချီ အမှတ် (၁) စက်ရုံ ပေါက်ကွဲမှုတစ်ခုဖြစ်ပြီး မီးခိုးတွေ တဘူးဘူး မှုတ်ထုတ်နေသည်။ စက်ရုံ အမိုးတွေ လန်သွားသည်။ ၀န်ကြီးအဖွဲ့ အတွင်းရေးမှုး ယူကီယို အီဒါနို က ရေနွေးငွေ့ ပိုက်လိုင်း ပေါက်တာဖြစ်ကြောင်း၊ ဒါပေမဲ့ အပူချိန်တက်ပြီး နျူကလီးယား လောင်ကျွမ်းမှု မဖြစ်အောင် ဟန့်တားဖို့ ဘိုးရစ်အက်ဆစ်နဲ့ နျူထရွန် အပြင်းစားကို မကြုံဘူးအောင် အသုံးပြုနေရကြောင်း မယုတ်မလွန် ပြောသွားသည်။ အလုပ်သမား ၁ ဦး သေပြီး ၄ဦး အပြင်းအထန် ဒဏ်ရာရသွားသည်။

ပြောပြောဆိုဆို ဖူကူရှိမား ဒိုင်အီချီ စက်ရုံနဲ့ ကီလိုမီတာ ၂၀ ပတ်လည်ရှိ လူထောင်သောင်းများစွာကို အစိုးရက ပြောင်း ရွှေ့ပေးနေသည်။ ဓာတ်ပေါင်းဖို တစ်စုံတစ်ခု မှားယွင်း သွားရင် တစ်စက္ကန့်အတွင်း ၁၀ ကီလိုမီတာ ပတ်လည်ကို အန္တရာယ် ချက်ချင်း ရောက်သွားမည်။

ပြီးခဲ့တဲ့ရက်အတွင်း ငလျင်ကြီး သုံးခု ဆက်တိုက်ကြောင့် ဂျပန် အရှေ့မြောက်ပိုင်းတစ်ခုလုံး အဆောက်အဦတွေ ပြိုကျ ပျက်ဆီးခဲ့ရသည်။ နောက်ထပ် ၆ မီတာ အမြင့်ရှိ ဆူနာမီ ရေလှိုင်းကြီးက သိမ်းကျူံး ရိုက်ခတ် ဖြိုချသွားခဲ့ပြီ။ ကားတွေ၊ လူနေအိမ်တွေ၊ မြို့တွေ၊ လယ်ယာလုပ်ငန်းတွေ အကုန်လုံး ရွှံ့ညွှန်ဒိုက်သရောတို့အောက် အပိုင်းပိုင်းအစစ ကြေမွသွား သည်။ စစ်သား ၅၀၀၀၀ နဲ့ ကယ်ဆယ်ရေး အစီအစဉ်တွေ လုပ်ခဲ့သည်။ ရဟတ်ယာဉ်နဲ့ လူ ၃၀၀၀ ကျော် ကယ်တင်နိုင် ခဲ့သည်။ လူ ၆၀၀ ကျော်သေဆုံးပြီး ၆၅၀ ပျောက်ဆုံးနေတယ်ဟု တရားဝင် ကြေငြာထားသည်။

အီတလီ အမျိုးသား ပထ၀ီရူပဗေဒနဲ့ မီးတောင် လေ့လာရေးဌာနက ကြီးမားတဲ့ ငလျင်ကြောင့် ဂျပန် အနောက်မြောက် ကမ်းခြေ ၂၅ စင်တီမီတာ ရွေ့သွားသည်ဟု ပြောသည်။ အမေရိကန် ပထ၀ီ လေ့လာရေး အဖွဲ့က ဂျပန်ကျွန်းကြီး ၂.၅ မီတာ ရွေ့သွားသည်ဟု ဆိုသည်။ ဆူနာမီကြောင့် အိမ်အလုံးရေ ၅.၆ သန်း မီးပျက်သွားခဲ့ရသည်။ နစ်ဆန်း၊ ဟွန်ဒါ၊ တိုရိုတာ၊ ဆိုနီ၊ တိုရှီဘာ ကမ္ဘာကျော် လုပ်ငန်းကြီးတွေရဲ့ စက်ရုံတွေ ကုမ္ပဏီတွေ ရပ်သွားခဲ့သည်။

အကယ်၍ မပြောကောင်း မဆိုကောင်း နျူကလီးယား ပါဝါစက်ရုံတွေ အအေးပေးစနစ် မနိုင်ဘဲ အပူချိန်တက်ပြီး အန္တရာယ် ဘေးဆိုးကြီး ထပ်ဖြစ်သွားရင်ဖြင့်..။ ဂျပန်အတွက် မတွေးဝံ့စရာပင်။

Source: CNN & Al jazeera

ဂျပန် ငလျင် ဓာတ်ပုံ....

မေလ ၁၁ ရက် မွန်းလွဲပိုင်း ဂျပန်နိုင်ငံ အရှေ့ဘက် ကမ်းခြေတွင် နှစ် ၁၀၀ အတွင်း အကြီးဆုံး ပြင်းအားပမာဏ ၈.၉ ရှိ ငလျင်ကြီး လှုပ်ခဲ့သည်။ ငလျင်ကြောင့် ဂျပန် မြောက်ဖက် ကမ်းရိုးတမ်းတလျှောက် ဆုနာမီ ဧရာမလှိုင်းလုံးကြီးများ

ရိုက်ခတ်ခံရပြီး မြေငလျင် ဗဟိုချက်နဲ့ အနီးဆုံး ဆန်ဒီရာမြို့ တွင်ပင် လူ ၃၀၀ နီးပါး သေဆုံးခဲ့သည်။

ဂျပန်မြောက်ပိုင်း ကက်ဆန်နုမား ကမ်းခြေမြို့တွင် ဆုနာမီလှိုင်းက ကားများ အိမ်များ စတင် ဖျက်ဆီးပစ်နေစဉ်။

ဂျပန်မြောက်ပိုင်း ဆုကာဂါဝါမြို့မှ စက်ရုံတစ်ရုံ ငလျင်ကြောင့် ပြိုကျသွားပုံ။

်မြောက်ပိုင်း နာတိုရီမြို့ ဆုနာမီ ၀င်ပြီးနောက် အိမ်များ မီးပတ်လည်ဝိုင်းနေစဉ်။

မြောက်ပိုင်း မီယာဂီမြို့နေများ ကားများ အိမ်များ ပျက်ဆီးသွားပြီးနောက် နှမျောတသ ဖြစ်နေကြပုံ။ ၁၀ မီတာ အမြင့်ရှိ ဆုနာမီ လှိုင်းများက ကမ်းခြေရှိ သင်္ဘောများ၊ ကားများကို သယ်ဆောင်သွားခဲ့သည်။

အီချီဟာရာမြို့ ငလျင်လှုပ်ပြီးနောက် စက်မှုဇုံအတွင်း မီးခိုင်းလုံးကြီးများ တက်လာစဉ်။

ဟီတာချီနာကာမြို့ ဆုနာမီရိုက်ခတ်ပြီးနောက် အပျက်အဆီးများ ကျန်ရစ်ခဲ့ပုံ။

တောင်ပိုင်း ယာဘူကီမြို့ ဆူပါမားကက် တစ်ခုအတွင်း ပျက်ဆီးသွားပုံ။

ဟီတာချီနာကာမြို့ နိုင်ငံခြားတင်ပို့မယ့် ကားများ စီတန်းထားစဉ် ဆုနာမီ ၀င်ရောက်ပြီးနောက် ကားများ အထပ်ထပ် စုပုံသွားပုံ။

ဖူကူရှီးမား စီရင်စုဒေသ နေရာများတွင် ငလျင်ကြောင့် အိမ်များ ပြိုလဲကုန်စဉ်။

ကွန်ပြူတာ မော်နီတာပေါ်ရှိ မြေငလျင် ပြင်းအားပြ မျဉ်းများ။

တိုကျိုမြို့တွင် မြေအောက်ရထားလိုင်း ရပ်သွားပြီးနောက် ဘတ်စကားများကို လူထောင်သောင်းချီ စောင့်နေကြပုံ။

မြေငလျင်ဖြစ်အပြီး မိုလ်ဘိုင်းဖုန်းများ ရပ်သွားပြီးနောက် အစိုးရဖုန်းများကို စုပြုံတိုးနေစဉ်။

တိုကျိုမြို့ ဟနက်ဒါ နိုင်ငံတကာလေဆိပ်မှ ခရီးသွားများ။

နေရာချထားပေးမယ့် ကယ်ဆယ်ရေးအဖွဲ့ကို တိုကျိုလမ်းများပေါ်မှာ စောင့်ဆိုင်းနေစဉ်။

မြေအောက်ရထားလိုင်းများ ရပ်သွားပြီးနောက် ကာဝါစကီ ဘူတာရုံတွင် သယ်ယူပို့ဆောင်ရေး အစီအစဉ်သတင်းကို စောင့်နားထောင်နေကြပုံ။

ဂျပန် ရုံးဝန်ထမ်း အမျိုးသမီးငယ်များ တစ်ဦးကိုတစ်ဦး နှစ်သိမ့်နေကြပုံ။