
ဂျာမနီနိုင်ငံ မြူးနစ်မြို့လေဆိပ်၌ ဂျာမနီတရားရုံး အာဏာပိုင်တို့က သိမ်းဆည်းချိပ်ပိတ်ထားလိုက်သည့် ထိုင်းအိမ်ရှေ့မင်းသား မဟာဝိဇိယ လောင်ကွန် ကိုယ်တိုင် မကြာမကြာ မောင်းနှင်လေ့ရှိ သော ဘိုးရင်း-၇၃၇ အမျိုးအစားလေယာဉ်အား အာမခံငွေ ဒေါ်လာ ၂၈ ဒသမ ၂ ၊သန်းဖြင့် ပြန်လွှတ်ပေးလိုက်ပြီဖြစ်သည်။
ဓာတ်ပုံ - အေအက်ဖ်ပီ
ဘာလင်- ကြွေးပိနေသော ဂျာမနီ ဆောက်လုပ်ရေး ကုမ္ပဏီတစ်ခုနှင့် ထိုင်း အစိုးရတို့ အကြား ငွေကြေး ဆိုင်ရာ အငြင်းပွားမှုကြောင့် ထိုင်း အိမ်ရှေ့ မင်းသားစီးနင်းလိုက်ပါလာသော လေယာဉ်ကိုမြူးနစ်မြို့လေ ဆိပ်တွင် ဂျာမနီတရားရုံးအာဏာပိုင်တို့က သိမ်းဆည်းချိပ်ပိတ်ထားရာ မှဇူလိုင်လ ၂၀ ရက် ဗုဒ္ဓဟူးနေ့တွင် ဂျာမနီတရားရုံးတစ်ရုံးမှအာမခံငွေ ဒေါ်လာ ၂၈ ဒသမ ၂သန်းဖြင့်ပြန်လွှတ်ပေးလိုက်ကြောင်း သတင်းရရှိ သည်။
ထိုင်းအိမ်ရှေ့မင်းသား မဟာဝိဇိယလောင်ကွန်ကိုယ်တိုင် မကြာမကြာ မောင်းနှင်လေ့ရှိသော ဘိုးရင်း-၇၃၇အမျိုးအစား လေယာဉ်အားမြူးနစ် လေဆိပ်တွင်ချိပ်ပိတ်ထားလိုက်ပြီး လေယာဉ်တံခါးများကို ဖွင့်ခွင့်မပြု၊ လေဆိပ်မှလည်း ထွက်ခွာခွင့်မပြုဟု စောစောပိုင်း သတင်းများကဆို သည်။
Walter Bauဆောက်လုပ်ရေး ကုမ္ပဏီဒေ၀ါလီခံရေး ကြီးကြပ်ဆောင် ရွက်ပေးသူ ၀ါနာရှနိုက်ဒါက ထိုင်းအစိုးရ သည် ၎င်းတို့ပေးရန်ရှိသော ငွေကို ထပ်တလဲလဲ ငြင်းဆန်နေသဖြင့် ယခုကဲ့သို့ လေယာဉ် အား သိမ်းဆည်းလိုက်ရခြင်းဖြစ်သည်ဟုဆိုသည်။
"ကျွန်တော်တို့ တရားဝင်ရသင့် ရထိုက်တဲ့ငွေ ဒေါ်လာ ၄၂ သန်းကျော် ရဖို့ ကျွန်တော် တို့ကြိုးပမ်းနေခဲ့တာ နှစ်ပေါင်းများစွာကြာခဲ့ပြီ။ ဒါပေမယ့် မရခဲ့လို့ အခုလို အကြမ်းနည်းသုံးလိုက် ရတာပဲ"ဟု ၎င်းကဆိုသည်။
ဤ အငြင်းပွားမှုကိစ္စမှာ နှစ်ပေါင်း ၂၀ ကျော် ကြာခဲ့ပြီ။ ထိုအချိန်က ဘန်ကောက်မြို့နှင့် ဒွန်မောင်းလေဆိပ် ဆက်သွယ်သည့် အမြန် လမ်းမကြီး ဆောက်လုပ်နေသော DYWIDAG ကုမ္ပဏီ (၂၀၀၁ ခုနှစ်တွင် Walter Bau ကုမ္ပဏီနှင့် ပူးပေါင်းလိုက်သည်) နှင့် ထိုင်း အစိုးရအကြား အငြင်းပွားခဲ့သည်။
ထိုင်းအစိုးရက ကန်ထရိုက်စာချုပ်ပါ စည်းကမ်းချက်များကို ချိုးဖောက်ခဲ့ရာ ၂၀၀၇ တွင် Walter Bau ကုမ္ပဏီမှာ ကြွေးမဆပ်နိုင်ဘဲ ဒေ၀ါလီခံခဲ့ရသည်။ "ဒီ အိမ်ရှေ့မင်းသားက မြူးနစ်မြို့ကို ပုံမှန် လာရောက် လည်ပတ်လေ့ရှိပါ တယ်။ အခု သူ မြူးနစ်မြို့ ဟိုတယ် တစ်ခု ခုမှာရှိနေမှာပါ"ဟု ဂျာမနီတောင်ပိုင်း လေဆိပ်ပြောခွင့်ရသူက ပြောသည်။
ထိုင်းအိမ်ရှေ့မင်းသားလေယာဉ်အား ဖမ်းဆီးထားခြင်း ကိစ္စနှင့်ပတ်သက်၍ဆွေးနွေးပြောဆိုရန် ထိုင်းနိုင်ငံခြားရေး ၀န်ကြီးသည် ၁၅ ရက်နေ့တွင် ဘာလင် မြို့သို့ ထွက်ခွာသွားသည်။ ထိုင်းနိုင်ငံခြားရေးဝန်ကြီး ကဆစ် ပီရိုမြသည် ဂျာမနီ လက်ထောက် နိုင်ငံခြားရေး ဝန်ကြီး ကော်နဲလီယာပိုင်း ပါနှင့် တွေ့ဆုံခဲ့သည်။
ဂျာမနီနိုင်ငံခြား ရေးဝန်ကြီး ဂွီဒိုဝက်စတာဝဲသည် လောလောဆယ် မက္ကဆီကိုသို့ အလည် အပတ်ရောက်ရှိနေသည်။ သို့သော် ထိုင်း နိုင်ငံခြားရေးဝန်ကြီး ရောက်မလာခင်၎င်းက ပြောကြားရာ၌ဤကိစ္စကို ဂျာမနီအစိုးရအနေဖြင့် ဝေဖန်ပြောကြားခြင်းမပြုနိုင်ကြောင်း၊ အကြောင်းမှာ တရားရေးဆိုင်ရာ အာဏာပိုင်များ၏ လွတ်လပ်ခွင့်ကို ကျွန်ုပ်တို့ လေးစားရ မည်ဖြစ်ကြောင်း ၀န်ကြီးကပြောသည်။
ဂျာမနီ လက်ထောက်နိုင်ငံခြားရေး ၀န်ကြီးကမူ လေယာဉ်သိမ်းမှုကြောင့် ထိုင်းအိမ်ရှေ့မင်းသား၏ ခရီးစဉ် ကသိကအောက်ဖြစ်ခဲ့ရ သည့်အတွက် စိတ် မကောင်းဖြစ်ရပါသည်ဟု ဆိုခဲ့သည်။ ထိုင်းနိုင်ငံခြားရေးဝန်ကြီးက ဘန်ကောက် လေဆိပ်တွင်ပြောကြားရာ၌ ဤလုပ်ရပ် သည် တရားရေးလမ်းကြောင်းအရ ကြီးကျယ်သော အမှားကြီးတစ်ခုဖြစ် သည်ဟု ပြောသည်။
ထိုင်းနိုင်ငံတွင် ဘုရင်နှင့်မိသားစုကိုထိုင်းတို့ကအလွန်ကြည်ညိုလေးစားမှုရှိကြသည်။ထိုင်းနိုင်ငံခြားရေးဝန်ကြီးကဆစ်ကဘန်ကောက် လေဆိပ်၌ ပြောကြားရာ တွင် "ဂျာမနီတရားရုံးက လေယာဉ် သိမ်းဆီးမှုကိစ္စ အမြန် ဆောင်ရွက်သင့် တယ်။ ဒီကိစ္စကြာသွားရင် ထိုင်း လူထုတွေက ဂျာမန်လူထုတွေအပေါ် ငြိုငြင်မှုတွေဖြစ်လာနိုင်တယ်။ဘာကြောင့်လဲဆိုတော့ သူတို့လေးစားကြည်ညိုတဲ့ထိုင်းဦးသျှောင် မိသားစုနဲ့သက်ဆိုင်နေ လို့ပါပဲ"ဟု ဆိုသည်။





No comments:
Post a Comment