|
ဒီပွဲမှာ အနိုင်ရခဲ့တဲ့အတွက် ဂျာမနီအသင်းဟာ အုပ်စုဗိုလ်အဖြစ်နဲ့ နောက်တစ်ဆင့်တက်နိုင်ခဲ့သလို၊ ဆားဘီးယားအသင်းရှုံးနိမ့်ခဲ့တဲ့အတွက် ဂါနာအသင်းဟာလည်း နောက်တစ်ဆင့်ကိုတက်နိုင်ခဲ့ပါတယ်။ ဂျာမနီအသင်းဟာ ဒီိပွဲမှာ ပွဲပယ်ခံထားရတဲ့တိုက်စစ်မှူး ကလိုဆေးရဲ့နေရာမှာ ကာကူးကို ပထမကစားသမားအဖြစ် အသုံးပြုခဲ့ပါတယ်။ ဂျာမနီအသင်းဟာ ပထမပိုင်းမှာ ဂါနာအသင်းရဲ့ ဘယ်ခြမ်းကို အဓိကထိုးဖောက်ပြီး တိုက်စစ်ဆင်ခဲ့ပါတယ်။ ဂါနာအသင်းကတော့ ခံစစ်ကိုလုံအောင်ကစားပြီး တန်ပြန်တိုက်စစ်နဲ့ ကစားခဲ့ပါတယ်။ ပွဲချိန်(၂၃)မိနစ်မှာ ဂါနာက အယူးအပိုင်ကန်ခွင့်ရပေမယ့် နှေးနေတဲ့အတွက် ဂျာမနီနောက်ခံလူတွေ ဖျက်ထုတ်နိုင်ခဲ့ပါတယ်။ အဲဒီနောက် လူကျွံထောက်ချောက်ကနေ လွတ်ထွက်သွားတဲ့ အိုဇေးလ်ရဲ့ကန်ချက်ကို ဂါနာဂိုးသမား ပုတ်ထုတ်ကာကွယ်နိုင်ခဲ့သလို ကာကူးရဲ့ကန်ချက်ကို ကာကွယ်ခဲ့ပါတယ်။ (၂)သင်းစလုံးဟာ ပထမပိုင်းမှာ ထိန်းကစားနေတဲ့အတွက် ဂိုးသွင်းခွင့်သိပ်မရခဲ့ဘဲ ပထမပိုင်းအပြီးမှာ ဂိုးမရှိသရေကျနေခဲ့ပါတယ်။ ဒုတိယပိုင်းမှာတော့ ဂျာမနီအသင်းနဲ့ ဂါနာအသင်းတို့ဟာ နောက်တစ်ဆင့်တက်ခွင့်ကို အပိုင်ရယူနိုင်ဖို့အတွက် ပိုမိုအားထုတ်ကစားလာကြပါတယ်။ ပွဲချိန်(၆၀)မိနစ်မှာတော့ အိုဇေးလ်က ဂိုးဧရိယာအပြင်ဘက်ကနေ ဂါနာဂိုးသမားရဲ့ညာဘက်အပေါ်ထောင့်ကို လှလှပပကန်သွင်းယူခဲ့လို့ ဂျာမနီအသင်း အနိုင်ဂိုးရရှိခဲ့ပါတယ်။ ဂိုးပေးလိုက်ရပြီးနောက် ဂါနာအသင်းဟာ ချေပဂိုးရဖို့ ထိုးဖောက်ကစားခဲ့ပေမယ့် ဂျာမနီနောက်တန်းကို မကျော်နိုင်ခဲ့တဲ့အပြင် ရှေ့တန်းတိုက်စစ်မှူးတွေ ဂိုးရလိုစိတ်များနေတာကြောင့် ချေပဂိုးပြန်မရခဲ့ပါဘူး။ ဒါပေမယ့် သြစတြေးလျအသင်းရဲ့ ခြေစွမ်းပြခဲ့မှုကြောင့် ဂါနာတို့ အုပ်စုဒုတိယနေရာကနေ နောက်တစ်ဆင့်တက်ခွင့်ရခဲ့ပါတယ်။
|
Thursday, June 24, 2010
ဂျာမဏီ..ကတော့..Germany...ပါပဲ...
ဂျာမနီနဲ့အတူ ရှုံးထွက်တက်ခဲ့တဲ့ အာဖရိကရဲ့ ဂါနာ၊ (ဂါနာ ၀-၁ ဂျာမနီ)
Subscribe to:
Post Comments (Atom)






No comments:
Post a Comment