Thursday, June 24, 2010

အဟောင်းထဲကအဟောင်း..နဲ့..မပြောင်းလဲတဲ့...မင်္ဂလာဈေးကြီး.....


မီးလောင်ခံခဲ့ရသော မင်္ဂလာဈေး၏ ပဉ္စထပ်မှ တတိယထပ် အထိကိုသာ ဖျက်သိမ်း၍ ပြန်လည်ဆောက်လုပ်မည် PDF Print E-mail
Share

မေလ ၂၄ ရက်တွင် မီးလောင်ခဲ့ရသော ရန်ကုန်မြို့၊ မင်္ဂလာတောင်ညွန့်မြို့နယ်ရှိ မင်္ဂလာဈေး ၏ ပဉ္စမထပ်(ခေါင်မိုးထပ်)မှ တတိယထပ်၏ ခေါင်မိုးအထိကိုသာ ဖျက်သိမ်းသွားမည်ဖြစ်ပြီး ယင်းအထပ်များကို ပြန်လည်ပြုပြင် တည်ဆောက်သွားမည်ဖြစ်ကြောင်း မင်္ဂလာဈေး သာယာရေးအဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ပြောပြခဲ့သည်။ မီးလောင်ခံခဲ့ရသော မင်္ဂလာဈေး၏ ပဉ္စမထပ်မှ တတိထပ်၏ ခေါင်မိုး (စတုတ္ထထပ်၏ကြမ်းပြင်) အထိမှာ အန္တရာယ်ရှိသောကြောင့် အန္တရာယ်မဖြစ်ပေါ်အောင် ဖျက်သိမ်းခြင်း ဖြစ်ကြောင်း သိရှိရသည်။ ဈေးကြီး အား ပြန်လည်ပြုပြင် တည်ဆောက်ရာတွင် ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီက တာဝန်ယူ၍ ပြန်လည်ပြုပြင် တည်ဆောက်သွားမည်ဖြစ်ကြောင်း သိရှိရသည်။


''မင်္ဂလာဈေး မီးလောင်ခံခဲ့ရတဲ့ အထပ်တွေကို ဖျက်သိမ်းသွားမှာ ဖြစ်ပါတယ်။ ဖျက်သိမ်းတဲ့အထဲမှာ ခေါင်မိုးထပ်ကနေ တတိယထပ် ခေါင်မိုးအထိ ပါပါတယ်။ ဒီလိုဖျက်သိမ်းရတာကလည်း အန္တရာယ်မဖြစ်စေဖို့ ရည်ရွယ်ပါတယ်။ မီးလောင်ခံခဲ့တဲ့ အထပ်တွေက အချိန်နာရီတော်တော် ကြာ မီးလောင်တာခံခဲ့ရတဲ့အတွက် အန္တရာယ်ဖြစ်နိုင်ပါတယ်။ ဈေးကြီး ကို ရန်ကုန်မြို့တော်စည်ပင်ကပဲ တာဝန်ယူပြီး ပြန်ပြင်ဆောက်သွားမှာ ပါ။ အခုလောလောဆယ်မှာ မီး လောင်တဲ့အထပ်တွေကို ဖျက်သိမ်းမှု တွေစပြီးလုပ်နေပါပြီ''ဟု မင်္ဂလာဈေး သာယာရေးအဖွဲ့မှ တာဝန်ရှိသူ တစ်ဦးက ပြောပြခဲ့သည်။
မင်္ဂလာဈေးမီးလောင်မှုမှာ မေ လ ၂၄ ရက် နံနက် ၈ နာရီခွဲအချိန် တွင် စတင်ခဲ့ခြင်ဖြစ်ပြီး မေလ ၂၅ ရက်နေ့ နံနက် ၅ နာရီခွဲအချိန်မှသာ မီးညွန့်ကို ထိန်းထားနိုင်ခဲ့ပြီးမီးစတင် လောင်ကျွမ်းချိန်မှ မီးလုံးဝငြိမ်းသွားသည့် အချိန်အထိ နာရီပေါင်း ၅၀ ကျော်ကြာမြင့်ခဲ့ပြီး မြန်မာနိုင်ငံတွင် အချိန်အကြာဆုံးမီးလောင်မှု စာရင်း ၀င်သွားခဲ့ကြောင်း မီးသတ်ဦးစီးဌာန ၏ထုတ်ပြန်ချက်များအရသိရှိရသည်။
မင်္ဂလာဈေး၏ ပဉ္စမထပ်(ခေါင် မိုးထပ်)နှင့်စတုတ္ထထပ်တို့ ရှိကြမ်းခင်း နှင့်ခေါင်မိုး၊ ကွန်ကရိတိုင်များသည် မီးလောင်ခြင်းကို သာမန်အားဖြင့် ၄ နာရီခန့်သာခံနိုင်ရည်ရှိပြီး ယခု မီး လောင်ချိန်မှာနာရီပေါင်းများစွာ ကြာ မြင့်ခဲ့သဖြင့် ကွန်ကရိနှင့်သံချောင်းများ မှာ ခံနိုင်ရည်များကျဆင်းပြီး အားမ ကောင်းတော့ကြောင်းသိရသည်။


မင်္ဂလာဈေး မီးလောင်ခဲ့ရသော အထပ်များအား ပြုပြင်တည် ဆောက်ရာတွင် အချက်သုံးချက်ဖြင့် တည်ဆောက်သွားမည် ဖြစ်ပြီး ပထမအချက်အနေဖြင့် အလင်းရောင်များများရရှိရန်၊ ဒုတိယ အချက်အနေဖြင့် လေကောင်း လေသန့်ဝင်ရန်၊ တတိယအချက်အနေဖြင့် လှေကားပေါက်၊ တံခါးပေါက်များများဖောက်ကာ သွားလာရ အဆင်ပြေလွယ်ကူစေရန် ပြုလုပ်သွားမည်ဖြစ်ကြောင်း၊ ပြုပြင်တည်ဆောက်နေဆဲ ကာလတွင် အန္တရာယ်မရှိပါက မြေညီထပ်မှ ဒုတိယထပ်အထိ ဆိုင်ခန်းများ ကို သက်ဆိုင်ရာအထပ်များ၌ ရောင်းချခွင့်ပေးရန် စီစဉ်နေကြောင်း သိရသည်။

ဂျာမဏီ..ကတော့..Germany...ပါပဲ...

ဂျာမနီနဲ့အတူ ရှုံးထွက်တက်ခဲ့တဲ့ အာဖရိကရဲ့ ဂါနာ၊ (ဂါနာ ၀-၁ ဂျာမနီ)

ဒီပွဲမှာ အနိုင်ရခဲ့တဲ့အတွက် ဂျာမနီအသင်းဟာ အုပ်စုဗိုလ်အဖြစ်နဲ့ နောက်တစ်ဆင့်တက်နိုင်ခဲ့သလို၊ ဆားဘီးယားအသင်းရှုံးနိမ့်ခဲ့တဲ့အတွက် ဂါနာအသင်းဟာလည်း နောက်တစ်ဆင့်ကိုတက်နိုင်ခဲ့ပါတယ်။ ဂျာမနီအသင်းဟာ ဒီိပွဲမှာ ပွဲပယ်ခံထားရတဲ့တိုက်စစ်မှူး ကလိုဆေးရဲ့နေရာမှာ ကာကူးကို ပထမကစားသမားအဖြစ် အသုံးပြုခဲ့ပါတယ်။ ဂျာမနီအသင်းဟာ ပထမပိုင်းမှာ ဂါနာအသင်းရဲ့ ဘယ်ခြမ်းကို အဓိကထိုးဖောက်ပြီး တိုက်စစ်ဆင်ခဲ့ပါတယ်။ ဂါနာအသင်းကတော့ ခံစစ်ကိုလုံအောင်ကစားပြီး တန်ပြန်တိုက်စစ်နဲ့ ကစားခဲ့ပါတယ်။ ပွဲချိန်(၂၃)မိနစ်မှာ ဂါနာက အယူးအပိုင်ကန်ခွင့်ရပေမယ့် နှေးနေတဲ့အတွက် ဂျာမနီနောက်ခံလူတွေ ဖျက်ထုတ်နိုင်ခဲ့ပါတယ်။ အဲဒီနောက် လူကျွံထောက်ချောက်ကနေ လွတ်ထွက်သွားတဲ့ အိုဇေးလ်ရဲ့ကန်ချက်ကို ဂါနာဂိုးသမား ပုတ်ထုတ်ကာကွယ်နိုင်ခဲ့သလို ကာကူးရဲ့ကန်ချက်ကို ကာကွယ်ခဲ့ပါတယ်။ (၂)သင်းစလုံးဟာ ပထမပိုင်းမှာ ထိန်းကစားနေတဲ့အတွက် ဂိုးသွင်းခွင့်သိပ်မရခဲ့ဘဲ ပထမပိုင်းအပြီးမှာ ဂိုးမရှိသရေကျနေခဲ့ပါတယ်။ ဒုတိယပိုင်းမှာတော့ ဂျာမနီအသင်းနဲ့ ဂါနာအသင်းတို့ဟာ နောက်တစ်ဆင့်တက်ခွင့်ကို အပိုင်ရယူနိုင်ဖို့အတွက် ပိုမိုအားထုတ်ကစားလာကြပါတယ်။ ပွဲချိန်(၆၀)မိနစ်မှာတော့ အိုဇေးလ်က ဂိုးဧရိယာအပြင်ဘက်ကနေ ဂါနာဂိုးသမားရဲ့ညာဘက်အပေါ်ထောင့်ကို လှလှပပကန်သွင်းယူခဲ့လို့ ဂျာမနီအသင်း အနိုင်ဂိုးရရှိခဲ့ပါတယ်။ ဂိုးပေးလိုက်ရပြီးနောက် ဂါနာအသင်းဟာ ချေပဂိုးရဖို့ ထိုးဖောက်ကစားခဲ့ပေမယ့် ဂျာမနီနောက်တန်းကို မကျော်နိုင်ခဲ့တဲ့အပြင် ရှေ့တန်းတိုက်စစ်မှူးတွေ ဂိုးရလိုစိတ်များနေတာကြောင့် ချေပဂိုးပြန်မရခဲ့ပါဘူး။ ဒါပေမယ့် သြစတြေးလျအသင်းရဲ့ ခြေစွမ်းပြခဲ့မှုကြောင့် ဂါနာတို့ အုပ်စုဒုတိယနေရာကနေ နောက်တစ်ဆင့်တက်ခွင့်ရခဲ့ပါတယ်။


ဂါနာ ဂျာမနီ
ဂိုးပေါက်ကန်သွင်းမှု ၁၂ ၁၂
ဂိုးပေါက်တည့်မှု
ပြစ်ဒဏ်ဘော ၁၁
ထောင့်ကန်ဘော
လူကျွံဘော
အ၀ါကတ်
အနီကတ်
ဘောလုံးပိုင်ဆိုင်မှု ၄၆% 54%

Germany

Tuesday, June 22, 2010

Messi..ရဲ့..မွေးနေ့..လက်ဆောင်..အသင်းခေါင်းဆောင်..

သက်သောင့်သက်သာနဲ့ အနိုင်ယူခဲ့တဲ့ အာဂျင်တီးနား(ဂရိ ၀-၂ အာဂျင်တီးနား)

ဒီပွဲမတိုင်ခင်ကတည်းက နောက်တစ်ဆင့်ကို တက်ရောက်နေပြီဖြစ်တဲ့ အာဂျင်တီးနားအသင်းဟာ ဒီပွဲမှာတော့ အဓိကကစားသမား အများစုကို အနားပေးခဲ့ပါတယ်။ မက်ဆီကို အသင်းခေါင်းဆောင်အဖြစ် တာဝန်ပေးကာ အရန်ကစားသမားများနဲ့သာ ပွဲထွက်ခဲ့ပေမယ့်လည်း ပွဲစကတည်းက ဂရိအင်းအပေါ် တောက်လျှောက် ဖိကစားခဲ့ပါတယ်။ ဂရိအသင်းဘက်က ဂိုးသမားအစပိုင်းမှာ လက်စွမ်းပြကာကွယ်နေလို့သာ ဒီထက်ဂိုးမပြတ်ခဲ့တာပါ။ အာဂျင်တီးနားအတွက် ဂိုးတွေကိုတော့ (၇၇)မိနစ်မှာ ဒီမစ်ချယ်လီနဲ့ (၈၉)မိနစ်မှာ ပါလာမိုတို့က သွင်းယူခဲ့တာ ဖြစ်ပါတယ်။

ကံကောင်းစွာနဲ့ နောက်တစ်ဆင့်တက်တဲ့ တောင်ကိုရီးယား (တောင်ကိုရီးယား ၂-၂ နိုက်ဂျီးရီးယား)

ဒီပွဲမှာ မိနစ်(၇၀)ကျော်အထိ တောင်ကိုရီးယားအသင်းကို နောက်တစ်ဆင့် မတက်ရောက်နိုင်တော့ဘူးလို့ ထင်ခဲ့ပေမယ့် တစ်ဖက် က အာဂျင်တီးနားအသင်းရဲ့ အနိုင်ရလဒ်ကြောင့် ကံကောင်းစွာနဲ့ နောက်တစ်ဆင့်ကို တက်ရောက်နိုင်ခဲ့ပါတယ်။ နှစ်သင်းစလုံးဟာ ဒီပွဲမှာ အနိုင်ကစားနိုင်ဖို့အတွက် လူစုံထုတ် ကစားခဲ့ကြပါတယ်။ အဖွင့်ဂိုးကို နိုက်ဂျီးရီးယားမှ ကာလူအူချီက (၁၂)မိနစ်မှာသွင်းယူပေးခဲ့ပြီး (၃၈)မိနစ်မှာ ကိုရီးယားမှ လီဂျန်ဆူးက ပြန်လည်ချေပခဲ့ပါတယ်။ ဒုတိယပိုင်းမှာတော့ အနိုင်ရဖို့ ကိုရီးယားဘက်က ပိုတင်ကစားလာခဲ့ပြီး ပြစ်ဒဏ်ဘောမှတစ်ဆင့် (၄၉)မိနစ်မှာ ပက်ချူယောင်က သွင်းယူပြီး ပြန်လည်ဦးဆောင်ခဲ့ ပါတယ်။ ဒါပေမယ့် (၆၉)မိနစ်မှာ နိုက်ဂျီးယားကို ပယ်နယ်တီကိုပြန်ပေးခဲ့ရပြီး ယာကူဘူက သွင်းယူသွားတဲ့အတွက် တောင်ကိုရီးယားတို့ ရုန်းကန်နေရချိန်မှာ တစ်ဖက်က အာဂျင်တီးနားတို့ရဲ့အနိုင်ရလဒ်ကြောင့်သာ နောက်တစ်ဆင့်ကို ကံကောင်းစွာနဲ့ တက်ရောက်ခဲ့တာပါ။

မန်မာ့လူပုကလေး ဂင်းနစ်မှတ်တမ်းဝင်အောင် ကြိုးစားနေ

အီးမေးလ်ပို့ရန် ပရင့်ထုတ်ရန် PDF ဖိုင်ရယူရန်

ရန်ကုန် (မဇ္ဈိမ)။ ။ မှတ်တမ်းတင်နိုင်ခဲ့သမျှ အပုဆုံးဖြစ်နိုင်သော မြန်မာနိုင်ငံသား ကလေးငယ် အရပ် ၂၅ လက်မရှိ အသက် ၁၀ နှစ်အရွယ် မောင်ဇော်ဗလအောင် (ခေါ်) ဗလကြီးကို ကမ္ဘာ့ထူးခြားဆန်းကြယ်မှတ်တမ်း ဂင်းနစ်တွင် ပါရှိအောင် မိဘများက ကြိုးပမ်းနေကြသည်။

မောင်ဇော်ဗလအောင်ကို ကျောက်ပန်းတောင်းမြို့နယ် ထန်းပေါက်ကုန်းကျေးရွာနေ အဘဦးဝင်းလွင်၊ အမိဒေါ်ခင်လှတို့မှ မတ်လ ၁၀ ရက်၊ ၂၀၀၀ ခုနှစ်တွင် မွေးဖွားခဲ့ပြီး မွေးချင်း ၄ ဦးအနက် ဒုတိယမြောက်ဖြစ်ကာ တဦးတည်းသောသား ဖြစ်သည်။
smallheights
လက်ရှိတွင် မောင်ဇော်ဗလအောင်၏ အရပ်မှာ ၂၅ လက်မ၊ ဦးခေါင်းပတ်လည် ၁၃ လက်မ၊ ကိုယ်အလေးချိန် ၁၀ ပေါင် ရှိသည်ဟု ရန်ကုန်မြို့ ကရဝိတ်ခန်းမတွင် ယနေ့ပြုလုပ်သော သတင်းစာ ရှင်းလင်းပွဲတွင် ပြောဆိုခွင့်ရှိသူ သတင်းထောက်ခင်က ပြောကြားသွားသည်။

မှုခင်းသတင်းထောက်တဦးဖြစ်သူ သတင်းထောက်ခင်က မိဘများကိုယ်စား သတင်းစာရှင်းလင်းပွဲ ပြုလုပ်ပေးခြင်း ဖြစ်သည်။

ဂင်းနစ်မှတ်တမ်း တင်နိုင်ရေးအတွက် မောင်ဇော်ဗလအောင်၏ ခန္ဓာကိုယ် အတိုင်းအထွာများနှင့် ဆေးမှတ်တမ်းများကို မေလနောက်ဆုံးပတ်က ပို့ထားပြီး ဖြစ်သည်ဟု သတင်းထောက်ခင်က ပြောသည်။

”ကျန်းမာရေး ဆေးစစ်ချက်တွေကတော့ ရှိတယ်။ အားလုံးကောင်းတယ်။ သူ့အရိုးကတော့ ကြီးထွားမှုနှုန်း မရှိတော့ဘူး ဆိုတာပဲသိတယ်” ဟု သူက ပြောသည်။

ရွှေရင်အေး မုန့်လက်ဆောင်းရောင်းချသူ ဖခင်က မိသားစု ၆ ဦးအတွက် လုပ်ကိုင်ကျွေးမွေးနေခြင်းဖြစ်ရာ ကရဝိတ်ခန်းမတွင် ယခုလို သတင်းစာ ရှင်းလင်းပွဲလုပ်ပေးရခြင်းအပေါ် ဝမ်းသာကြောင်း ပြောသည်။

ဂင်းနစ်မှတ်တမ်းက တရားဝင် အသိအမှတ်ပြုခဲ့သော ကမ္ဘာ့အပုဆုံးလူသား ဖြစ်ခဲ့သူမှာ တရုတ်နိုင်ငံသား He Pingping ဖြစ်ပြီး အရပ် ၂ ပေ၊ ၅.၃၇ လက်မဖြင့် အသက် ၂၁ နှစ်အရွယ် ယခုနှစ် မတ်လ ၁၆ ရက်နေ့တွင် ကွယ်လွန်ခဲ့သည်။ သူ၏ နေရာကို ဆက်ခံသူနှင့်ပတ်သက်၍ ဂရင်းနစ်က ကြေညာခြင်း မပြုသေးသော်လည်း အသက် ၁၈ နှစ်အရွယ်၊ အရပ် ၂ဝ လက်မရှိ နီပေါနိုင်ငံသား Khagendra Thapa (Mangar) က သူသည် အပုဆုံးဖြစ်ကြောင်း ပြောထားသည်။