Monday, September 14, 2009

ဘယ်တော့မှမမေ့နဲ့......


ကောင်းကင်တစ်ခု..အကြောင်းပြုပြီး..
လောကကြီးကိုဖန်ဆင်းထားတယ်....

အသားအရောင်မျိုးစုံနဲ့..ဘာသာစကားမတူပဲ...
လူသားပေါင်းစုံလဲရှိကြတယ်...
.
ရနံ့ဖူးစုံပန်းမျိုးစုံနဲ့..လှပဝေဆာပွင့်ဖူးကြတယ်...


အမိုးတစ်ခုအောက်..ဘ၀အချိုးတကွေ့မှာ..
မိသားစုဆိုတာလည်းရှိကြတယ်.....

မတစ်ထောင်ဘွား..လူသားပေါင်းများစွာ..
ဟန်ဆောင်အပြုံးတွေလည်းရှိကြတယ်....

သွေးမတော်၊သားမစပ်..နေ့ညမရွေး..
ညီရင်းအကိုလို..ကူညီသူတွေလဲရှိကြတယ်...

ရှပ်ထွေးပွေလီ..ဤလောကထဲ
ကောင်းသည်ဆိုးသည်၊ကိုယ့်သမိုင်းကိုယ်ရေး
ခဏတာပျော်ရတဲ့..ဒီဘ၀မှာ...
ဆွေမျိုးမိဘ၊သားရင်းမြေးများ.ပိုင်ဆိုင်ဥစ္စာ..
အားလုံးထား၍...တစ်ကိုယ်တည်း..ကိုယ်တည်း..
သွားနေရမည့်....သင်္ချိုင်းဆိုတာလဲရှိပါတယ်..........