
ဘ၀တကွေ့မှာ.ခဏတာတွေ့ရပေမဲ့
မကောင်းစိတ်ထား.ငါ့အမှားများအတွက်
နောက်ကျဒီနောင်တ.ပြင်မရပြီ..
ကောင်းမှုတွေက.လှောင်ပြောင်နှတ်ဆက်.
ကျောခိုင်းရက်ပြီ..တွေး၍မဖြေသာ..
ဒီဝင်္ကဘာမှာငါ့လောက်မိုက်သူရှိပါ့မလား....
တန်ဖိုးမဲ့တဲ့ဖိနပ်စုပ်တရံလို..တွေ့ရင်ရှောင်သွား
လူအများက..လူဆိုးလူမိုက်အမှိုက်သရိုက်လို
အပြုံးကင်းမဲ့..ငါ့လိုကောင်အတွက်
အတ္တအမုန်းပင်လယ်အဆုံးသို့..
တွေးမိဝမ်းနည်းဖြစ်နေခဲ့ရင်...
ဒီဝင်္ကဘာမှာငါ့လောက်မိုက်သူရှိပါ့မလား..
အပေါင်းသင်းဆွေမျိုး..မိတ်ရင်းပေါင်းဖော်..
လိုချင်တပ်မက်.ငါတကောင်ကြွက်ကို
မည်းထေညစ်ပတ်.ဒီစိတ်ဓါတ်နဲ့
ဆိုးပေလေလွင့်၊ရည်မှန်းချက်လဲပြို
ငါလိုလူကို.ဘယ်သူဖန်ဆင်း၊မွေးဖွားခြင်းကို
ပြန်လည်တွေးတော..ကိုယ့်သမိုင်းကိုကိုယ်အပြစ်မမြင်
စဉ်းစားခဲ့ရင်၊ငါလိုကောင်အတွက်
ဒီဝင်္ကဘာမှာငါ့လောက်မိုက်သူရှိပါ့မလား......